YouTube မှာ ဗီဒီယိုတွေတင်ပြီး ပိုက်ဆံရှာကြမယ်


Image may contain: 1 person
အင်တာနက်သုံးဖူးရင် YouTube ကိုကြားဖူးမှာပါ။ ဟုတ်တယ်။ အိမ်တွင်း လက်ဖြစ် ဗီဒီယိုတွေ အများဆုံးရှိတဲ့နေရာ။ ဒါတောင် မိတ်ဆွေတို့ ကံကောင်း လို့ YouTube ကိုမြင်နေရတာ။ အရင်တုန်းက YouTube ဟာ မည်သူမှ မကြည့်ရ စာရင်းထဲမှာ ရှိတာ။ အခုအချိန်မှာ YouTube ဟာ BBC လိုပဲ ကမ္ဘာအနှံ့ကျော်ကြားတဲ့ Website ဖြစ်ပါတယ်။ သူ့ရဲ့ အနေအထားက Netflix ထက်ကြီးတယ်။ အွန်လိုင်းမှာ ဒုတိယလူကြိုက် အများဆုံး website ဖြစ်ပါတယ်။ သူ့ထက်ပိုပြီး လူကြိုက်များတာဆိုလို့ မိခင် ကုမ္ပဏီဖြစ်တဲ့ Google ပဲရှိပါတယ်။ YouTube က လူအတော်များများကို အကျိုးပြုပါတယ်။ ပန်းချီ ၀ါသနာပါတဲ့လူက ပန်းချီနည်းပြ ဗီဒီယိုတွေကြည့်နိုင်တယ်။ ကျန်းမာရေး လိုက်စားသူတွေက ကျန်းမာရေးဆိုင်ရာ ဗီဒီယိုတွေကြည့်နိုင် ပါတယ်။ ဒါတင်မကသေးပါဘူး။ YouTube ဟာ အပျော်တမ်း ဗီဒီယိုတွေကို အားပေးတာကတစ်ဆင့် အနုပညာရှင်အသစ်တွေကိုလည်း မွေးထုတ်ပေးခဲ့ပါ တယ်။ လက်ထဲမှာ တော်တော်တန်တန် စမတ်ဖုန်းတစ်လုံးရှိရင် ရုပ်သံ ထုတ်လွှင့်သူ လုပ်လို့ရတယ်။ သတင်းဗီဒီယိုကနေ မိတ်ကပ် လိမ်းနည်းအထိ ရိုက်ပြီး YouTube ပေါ်ကနေ လွှင့်လို့ရတယ်။ ရုပ်ရှင် နမူနာကားပိုင်းတွေ လွှင့်လို့ရတယ်။

ဝါသနာပါတဲ့ လူက သရုပ်ဆောင်လုပ်ပေါ့။ ကင်မရာမြင်ကွင်းရှေ့ မထွက် ချင်တဲ့လူက ဒါရိုက်တာလုပ်ပေါ့။ YouTube ဟာ အပျော်တမ်း အနုပညာရှင် တွေကို ပရိုအဆင့် အနုပညာရှင်ဘ၀ ရောက်အောင်ပို့ပေးနိုင်ရုံမကပါဘူး။ လက်စလက်နရှိသူ တွေအတွက် မက်လောက်စရာ အနုပညာကြေး တချို့ကို လည်း ပေးပါတယ်။ တချို့လူတွေဟာ YouTube ပေါ်မှာတင် နာမည် ကြီး ဗီဒီယိုလိုင်းတွေကို ဖန်တီးနိုင်ကြပါတယ်။ လူကြိုက်များတဲ့ ဗီဒီယိုကို upload တင်သူတွေဟာ ကြော်ငြာဝင်ငွေကို ခွဲဝေခံစား ခွင့်ရကြပါတယ်။ သိပ်မများဘူး ဆိုပေမယ့် ဒေါ်လာထောင်ဂဏန်းဟာ နည်းတယ်တော့မဟုတ်ပါဘူး။ 


YouTube ပေါ်မှာ ကြီးကျယ်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ ကိစ္စဟာ ကံအပေါ်မှာ အတိုင်းအတာတစ်ခုထိ တည်မှီတာ မှန်ပါတယ်။ ဒါပေမယ့် လူရဲ့အားထုတ်မှုလည်းလိုတယ်။ YouTube မှာ ထင်ရှားတဲ့လူဖြစ်လာဖို့ အတွက် အခြေခံ လိုအပ်ချက်တွေကို တည်ဆောက်ရမယ်။ အခြေခံအဆင့် ကနေ ကျော်လွှားပြီး အပေါ်တက်နိုင်ရမယ်။ ဒီလိုလုပ်နိုင်ပြီဆိုရင် ကိုယ့် ဗီဒီယိုကြည့်တဲ့လူတွေများလာမယ့်အပြင် ငွေလည်း စ၀င်ပါမယ်။ ဗီဒီယို ပရိုအဆင့်အထိ ရည်ရွယ်တဲ့လူတွေဟာ ကားပိုင်းတို တွေကို အဆီအငေါ် တည့်အောင် ဆက်စပ်ပြီး တည်းဖြတ်တဲ့ အလုပ်ကို ကွန်ပျူတာပေါ်မှာ လုပ်ကြပါတယ်။ အပြီးသတ် ဗီဒီယို ဇာတ်လမ်း ဒါမှမဟုတ် ရုပ်ရှင်အဆင့် လောက်ရောက်ပြီဆိုမှ Upload တင်ပါတယ်။

ဗီဒီယိုရိုက်ကူးရေး ၀ါသနာရှင်တစ်ယောက်ဟာ ဒီလောက်ပဲ လုပ်ပိုင်ခွင့်ရှိတာ မဟုတ်ပါဘူး။ စမတ်ဖုန်းကောင်းကောင်း တစ်လုံးနဲ့ ခရီးသွား အတွေ့အကြုံ တွေရိုက်ပြီး ဇာတ်ကားအကြမ်းကို YouTube ပေါ်မှာ အဆင်သင့်လုပ်ပေး ထားတဲ့ editing tool တွေနဲ့လည်း တည်းဖြတ်နိုင်ပါတယ်။ လိုအပ်သလို ဖြတ်ညှပ်ဆက်တာတွေကို လုပ်နိုင်ပါတယ်။ ကိုယ့်အိမ်မှာ ကွန်ပျူတာ မရှိရင် ရှိတဲ့နေရာကနေ သွားလုပ်နိုင်ပါတယ်။ YouTube က ဗီဒီယိုတည်းဖြတ်တဲ့ tool တွေဟာ သုံးရတာလွယ်ပါတယ်။ အခမဲ့ ပေးထားတာမို့ ပေါချောင်လို့ မတွက်ပါနဲ့ ကိုယ်ထင်ထားတာထက် အများကြီးလုပ်နိုင်ပါတယ်။ ကောင်းပြီ။ YouTube ပေါ်မှာ ဗီဒီယိုထုတ်လွှင့်တဲ့ အလုပ်ကို စလုပ် ကြပါမယ်။ ပထမဆုံး က YouTube မှာ Sing in လုပ်ဖို့ လိုပါတယ်။ Gmail account ရှိရင် ၀င်လို့ရ ပါတယ်။ browser တစ်ခုကို အရင်ဖွင့်ပါ။ ပြီးရင် လိပ်စာရိုက်တဲ့အကွက်မှာ www.youtube.com/editor လို့ ရိုက်ပြီး enter ခေါက်လိုက်ပါ။ ကိုယ်တင်မယ့် ဗီဒီယိုကားပိုင်း အကြမ်းတွေကို ညာဘက်မှာရှိတဲ့ footage bin ထဲမှာ တွေ့ရပါ မည်။ ဘယ်ဘက်ခြမ်းမှာ preview window ကို တွေ့ရမှာဖြစ်ပြီး အောက်ဘက် မှာ Timeline ကို တွေ့ရပါမယ်။ ပထမဆုံး ဗီဒီယိုကားပိုင်းကို mouse နဲ့ drag ဖိဆွဲပြီး timeline ထဲမှ လွှတ်ချလိုက်ပါ။ သူ့အတွက် Preview ကို video window ထဲမှာ ပြပေးပါမယ်။

ဗီဒီယိုကားပိုင်းရဲ့ ဘယ်ဘက်ရဲ့ ညာဘက်မှာ လက်တံတွေရှိပါတယ်။ လိုသလို ဖြတ်ချနိုင်အောင် လုပ်ပေးတဲ့ လက်တံ တွေပါ။ ကိုယ်ဖြတ်ချင်တဲ့နေရာ အတွင်းထိဆွဲသွင်းနိုင်ပါတယ်။ အချိန်အတိအကျ သတ်မှတ်ပြီး ဖြတ်ချလို့ရ တယ်။ ဒါမှမဟုတ် မြင်ကွင်းကိုကြည့်ပြီး ဖြတ်ချလို့လည်းရပါတယ်။ မြင်ကွင်းကို ကြည့်ပြီး ဖြတ်ချချင်ရင် ပေးထားတဲ့ magnifier ကို သုံးဖို့လိုကောင်း လိုပါမယ်။ အကြီးချဲ့မြင်ရမှာကိုး။ ဖြတ်ပြီးသွားရင် Preview အောက်မှာရှိတဲ့ Playback bar ကိုကြည့်ပါ။ ဖြတ်ပြီးတဲ့နောက်ပိုင်း ကားပိုင်းဘယ်လောက်ထိ ကျန်သေး တယ်ဆိုတာ သိနိုင်ပါမယ်။ ပြီးရင် effect တွေ ဘာတွေသုံးမလားဆိုတဲ့ ရွေးချယ်ပိုင်ခွင့် အတွက် တစ်ချက်စဉ်းစားပါ။ ဥပမာပြောရရင် အနှေးပြကွက် နဲ့ ပြမလားဆိုတာမျိုးပေါ့။ ဗီဒီယိုနဲ့ပတ်သက်ပြီး Preview ရဲ့ ညာဘက်မှာရှိတဲ့ box တွေကို သုံးပြီး လိုအပ်သလို ပြုပြင်နိုင်ပါတယ်။ သူတို့ဟာ အလို အလျောက် ပြုပြင်ပေးတဲ့ Autofix tool တွေဖြစ်ပြီး သိပ်အသုံးဝင်ပါတယ်။ အရောင်ညှိတာကစပြီး အလင်းအမှောင်ချိန်တဲ့ အထိ လုပ်နိုင်ပါတယ်။ Stabilize video ကတော့ လက်မငြိမ်လို့ လှုပ်ခါနေတဲ့ စမတ်ဖုန်း ဗီဒီယိုကို တတ်နိုင်သမျှ ချောမွေ့အောင် လုပ်ပေးပါတယ်။ အဲဒီမှာပေးထားတဲ့ filter တွေက အများကြီးပါ။ အများမျက်စိယဉ်ပြီးသား Filter တွေလောက်ကိုပဲ ရွေးချယ်ပြီး သုံးသင့်ပါတယ်။ ဗျူဟာကျကျသုံးနိုင်ရင် ကိုယ်ပြော ချင်တာကို အသားပေးပြီး ပြောနိုင်ပါတယ်။ မဟုတ်ရင်တော့ ဗီဒီယိုရဲ့ ဆိုလိုရင်း ပျောက်ပါလိမ့်မယ်။

ဗီဒီယိုဟာ ရုပ်ရှင်သဘောမဟုတ်ဘူးဆိုရင် ဇာတ်လမ်းပြောသူ ပုံစံမျိုး ထည့်ပေးတာကလည်း တစ်မျိုးကောင်းပါတယ်။ ဇာတ်လမ်းကြည့်သူ မြင်နေရတဲ့ လူတွေဟာ ဘယ်သူတွေပါ၊ မြင်ကွင်းက ဘယ်နေရာပါ ဆိုတာ မျိုးပေါ့။ ဒီကိစ္စအတွက် Text tab ကို သုံးရပါမယ်။ on-screen captions တွေ ထိုးပေးဖို့ပါ။ ဒီ option က အကန့်အသတ်ရှိပါတယ်။ ဒါပေမယ့် ပရိုအဆင့် အနု ပညာတစ်ယောက် ရိုက်ထားတဲ့ ဗီဒီယိုလိုမျိုး ရလဒ်ထွက်အောင် ကူညီနိုင်ပါ တယ်။ စာသားတွေထိုးပြပြီးဆိုတာနဲ့ စာသားရဲ့ အရောင်၊ အရွယ်အစားနဲ့ opacity ကို ပြောင်းနိုင်ပါတယ်။ အားလုံးပြီးလို့ publish လုပ်မှာ သေချာပြီ ဆိုရင် create video နေရာ မှာ ကလစ်နှိပ်ရုံပါပဲ။ ကိုယ်ရိုက်တဲ့ ဗီဒီယိုကား YouTube ပေါ်မှာ ဘယ်လောက်ပဲ လူကြိုက်များများ ပိုက်ဆံတော့ ၀င်ဦးမှာ မဟုတ်ပါဘူး။ YouTube ပေါ်မှာ အခမဲ့ ဗီဒီယို၊ အခမဲ့ streaming ပေးထား တာကိုပဲ ကျေးဇူးတင်နေရသေးတဲ့ သဘောပါ။ ဒါပေမယ့် ဗီဒီယို ရိုက်တုန်းက အချိန်အား၊ လူအား အများကြီးစိုက်ထားရရင် တစ်ခုခုပြန်လိုချင်မှာ သဘာဝပဲ လေ။ ကောင်းပြီ။ ပိုက်ဆံရှာမယ် ဆိုရင် www.youtube.com/account. monetization ကို ၀င်လိုက်ပါ။ ပိုက်ဆံရသင့် မရသင့် YouTube က review လုပ်ပါမယ်။ အဲဒီအဆင့်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ပြီဆိုရင် ကိုယ့်ဗီဒီယိုမှာ ကြော်ငြာတွေ စထိုးပါမယ်။ ကြော်ငြာတွေကို Layer တစ်ခု အနေနဲ့ အသေထည့်ထားမလား။ ဒါမှမဟုတ် မကြည့်ချင် ကျော်ခွင့်ပြုမလား ဆိုတာတွေကို ကိုယ်က ရွေးနိုင်ပါတယ်။

ပြီးရင် www.youtube.com/my.video ကိုဝင်ပြီး ကိုယ့်ဗီဒီယို စာရင်းကို ပြန်ကြည့်ပါ။ ကြော်ငြာ ထိုးထားတယ်ဆိုတဲ့ ဗီဒီယိုတိုင်းရဲ့ ညာဖက်မှာ အစိမ်းရောင်ဒေါ်လာသင်္ကေတလေးကို မြင်ရပါမယ်။ သက်ဆိုင်ရာဗီဒီယိုက ကြော်ငြာကို ပိတ်ချင်ရင် အဲဒီဒေါ်လာပုံ ခလုတ်လေးကို နှိပ်ရပါမယ်။ နောက်ထပ်ပေါ် လာမယ့် screen မှာ Monetization with ads ခလုတ်ဘေးက ဆလိုက်တုံးကို off ကို ရွှေ့ပေးရပါမယ်။ ကိုယ့် ဗီဒီယိုထဲမှာ ကြော်ငြာတွေ အသက်ဝင်ပေမယ့် Google ရဲ့ advertising platfom ဖြစ်တဲ့ adsence နဲ့ ကိုယ့် account နဲ့ မချိတ်သမျှ ဘာမှဖြစ်လာဦးမှာ မဟုတ်ပါဘူး။ ကိုယ့်မှာ Adsence account ရှိထားပြီးပြီဆိုရင် Sign in ၀င်ရပါမယ်။ မရှိသေးရင် account လုပ်ရပါမယ်။ ပြီးရင် Accept association မှာ ကလစ်နှိပ်တာနဲ့ လုပ်ငန်းစဉ်ပြီးသွားပါပြီ။ ဒီအချိန်ကြရင် YouTube ထဲကို ပြန်သွားဖို့ ပြောပါ မယ်။ ကြော်ငြာ ကနေ ငွေစ၀င်ပါပြီ။


 ငွေဘယ်လောက် ၀င်တယ်ဆိုတာ သိချင်ရင် www.youtube.com/analytics အတိုင်း ၀င်ရပါမယ်။ ပြီးရင် ဘယ်ဘက်ခြမ်းမှာ မြင်ရတဲ့ revence မှာ ကလစ်နှိပ်ပါ။ Setup လုပ်ပြီးချိန်မှာ ငွေသိပ်ဝင်တာမြင်ရမှာမဟုတ်ပါ ဘူး။ဒါပေမယ့် ပေါင် (၆၀) ကျော်လာတဲ့ အခါမှာ ပထမဆုံးချက်လက်မှတ်ရပါလိမ့်မယ်။ စိတ်ရှည်ဖို့လိုပါတယ်။



နောင်စိုး(ထားဝယ်)
 Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


Ref -Pyaephyo.com


              
                               
       www.patheinit.com
Payephyokyaw
                                     

Subscribe for latest Apps and Games


0 comments:

Post a Comment